(၂-၇-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာ ချန်းချန်းအား ၂-၇-၂၀၂၄ ရက် (၁၄၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

**************************************

U Lwin Oo, Deputy Minister for Foreign Affairs, receives Mr. Chen Chen, the Consul-General of the Consulate-General of the People’s Republic of China in Mandalay (2-7-2024, Nay Pyi Taw) U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Chen Chen, the Consul-General of the Consulate-General of the People’s Republic of China in Mandalay, who has completed his tour of duty, at 1400 hrs on 2 July 2024 at the Ministry of Foreign Affairs, Nay Pyi Taw. During the meeting, they cordially discussed the matters pertaining to the further enhancement of the existing “Pauk-Phaw” relations between Myanmar and China, the maintenance of peace and stability along the Myanmar-China border, the acceleration of Myanmar-China bilateral relations, and the mutually beneficial cooperation in both regional and international arena, especially in ASEAN and United Nations.

20240704 04

20240704 04