(၂၄-၆-၂၀၂၄ ရက်၊ တီဟီရန်)
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၌ အေစီဒီ အဖွဲ့ဝင်နိုင်ငံများက အေစီဒီ လက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံက သတ်မှတ်ထားသည့် ဘာသာရပ်ခေါင်းစဉ်ဖြစ်သည့် “ဆန်းသစ်စနည်းပညာများမှတစ်ဆင့် ပိုမိုချိတ်ဆက်ပြီး၊ စွမ်းဆောင်ရည်ပြည့်ဝသည့် အာရှဒေသ ဆီသို့” အပေါ် ကြိုဆိုခဲ့ကြကာ၊ ကိုယ်စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့သည်။ (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၄-၆-၂ဝ၂၄ ရက်၊ နံနက်ပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အေစီဒီ လက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် အေစီဒီဥက္ကဋ္ဌတာဝန် အောင်မြင်စွာ ထမ်းဆောင်ခဲ့သည့် ဘာရိန်းနိုင်ငံတို့အပေါ် ချီးကျူးခဲ့သည်။ ထို့ပြင် အေစီဒီ ဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံအား ကြိုဆိုပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အီရန်သမ္မတ မစ္စတာဆေးယက်ဒ်အီဘရာဟင်ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟိုစိန်အမီယာ အက်ဘ်ဒိုလာဟီယံတို့ မကြာသေးမီက ကွယ်လွန်သွားခဲ့မှုအပေါ် မြန်မာနိုင်ငံက ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ၎င်းတို့၏ အာရှပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အပေါ် ကြိုးပမ်းမှုများအား အစဉ်အောက်မေ့သတိရ တန်ဖိုးထားလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် အေစီဒီ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအလိုက် ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့သည်။ အစည်းအဝေး၌ “အေစီဒီအတွင်းရေးမှူးရုံး၏ စည်းမျဉ်းစည်းကမ်းများ” နှင့် “အေစီဒီအဖွဲ့၏ လုပ်ထုံးလုပ်နည်းများ” ကို သဘောတူညီခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် “တီဟီရန် ကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့သည်။ အိမ်ရှင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအလီဘာဂယ်ရီကာနီက (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ၂၃-၆-၂၀၂၄ ရက် ညနေပိုင်းတွင် တီဟီရန်မြို့ရှိ အက်စ်ပီနာပဲလေ့စ်ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ လက်ရှိတွင် အေစီဒီ၌ ဒေသတွင်း အုပ်စုကြီး (၅) ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီး ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံသည် အေစီဒီ စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယေဘုယျအားဖြင့် အာရှနိုင်ငံများအကြား အပြန်အလှန် အမှီသဟဲပြုရေးကို မြှင့်တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက်အဝန်းအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်လျက် အေစီဒီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ အေစီဒီအတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများအကြား “ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” နှင့်ကိုက်ညီသည့် အဓိကမဏ္ဍိုင်ကြီး (၆) ခု၌ ဦးစားပေး ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားသည်။ အဆိုပါ အဓိကမဏ္ဍိုင်ကြီး (၆) ခုမှာ (က) ပေါင်းစည်းဆက်နွှယ်မှု (ခ) သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ (ဂ) ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ (ဃ) စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံရေး၊ (င) ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ (စ) အားလုံးပါဝင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့ဖြစ်သည်။ အီရန်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အေစီဒီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အေစီဒီ အဖွဲ့ဝင်နိုင်ငံ (၃၁) နိုင်ငံနှင့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (၈) ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
**************************************************
Deputy Prime Minister and Union Minister for Foreign Affairs U Than Swe attends 19th Asia Cooperation Dialogue (ACD) Ministerial Meeting in Tehran, Iran (24-6-2024, Tehran) At the official invitation of Dr. Ali Bagheri Kani, Acting Foreign Minister of the Islamic Republic of Iran and the current Chair of Asia Cooperation Dialogue (ACD), the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe participated in the 19th Asia Cooperation Dialogue (ACD) Ministerial Meeting which was held on 24 June 2024 in Tehran, Iran. The Foreign Ministers and representatives of the ACD Member States attended the 19th ACD Ministerial Meeting which was held at the Parsian Azadi Hotel in Tehran. At the meeting, the delegations welcomed the theme of Iran’s ACD Chairmanship: “A more Inter-connected and Empowered Asia through New and Emerging Technologies” and delivered their respective country statements. In the morning of 24 June 2024, the Deputy Prime Minister and Union Minister for Foreign Affairs U Than Swe delivered a statement at the 19th ACD Ministerial Meeting. In his statement, the Deputy Prime Minister and Union Minister for Foreign Affairs congratulated the dedication and exemplary efforts of Iran, the current Chair of the ACD and commended Bahrain, the previous Chair of ACD for its successful Chairmanship. He also welcomed Thailand, the upcoming Chair of ACD. At the meeting, the Deputy Prime Minister and Union Minister for Foreign Affairs also conveyed Myanmar’s condolences on the passing of President Mr. Seyyed Ebrahim Raisi and Foreign Minister Dr. Hossein Amir-Abdollahian of Iran and mentioned that their legacies and active involvement in ACD cooperation will be remembered and valued. At the 19th ACD Ministerial Meeting, the Foreign Ministers and representatives cordially discussed and exchanged views on matters related to ACD Cooperation mechanisms as well as regional and global issues. Moreover, the ACD Member States updated the Meeting on the developments taking place in their respective countries. At the meeting, the “Guiding Principles for the Functioning of the Asia Cooperation Dialogue Secretariat” and “Rules of Procedure of the Asia Cooperation Dialogue” were approved. In addition, the “Tehran Declaration” was adopted by consensus as an outcome document of the 19th ACD Ministerial Meeting. During the meeting, the Deputy Prime Minister and Union Minister for Foreign Affairs also updated the Myanmar Government’s efforts to ensure peace, development and democracy in the country and the latest developments of Myanmar to the Heads of Delegation of ACD Member States. In the evening of 23 June 2024, the Acting Foreign Minister of Iran, Dr. Ali Bagheri Kani hosted an official Dinner in honor of Ministers of Foreign Affairs and delegations of ACD Member States at the Espinas Palace Hotel in Tehran. The Asia Cooperation Dialogue (ACD) was inaugurated in June 2002 in Cha-Am, Thailand. Currently, 35 countries, representing five (5) Regional Groups of Southeast Asia, South Asia, West Asia, Central Asia and East Asia, are members to the ACD. Myanmar is one of the founding members of ACD. By and large, ACD aims to promote interdependence among Asian Countries and to transform Asian continent into an Asian Community. The ACD Secretariat was inaugurated in October 2013 with its Headquarter in Kuwait city, the State of Kuwait. At the moment, the Member States of ACD have agreed six (6) priority pillars of Cooperation that are in line with the UN 2030 Agenda for Sustainable Development namely: 1) Connectivity; 2) Science, Technology and Innovation; 3) Education and Human Resource Development; 4) Food, Energy and Water Security; 5) Culture and Tourism; and 6) Inclusive and Sustainable Development. The representatives from 31 ACD Member States and 8 regional and international organizations have participated in the 19th ACD Ministerial Meeting held in Iran.
(၂၈-၆-၂၀၂၄ ရက်၊ ပေကျင်း)
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ Great Hall of the People ၌ ဇွန်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀၀၀ နာရီတွင် ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်၏ အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရန် လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ၁၁၀၀ နာရီတွင် ပြီးမြောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့အကြီးအကဲဟောင်း (၂၀) အပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ၁၁၃၀ နာရီတွင် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseff၊ အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်အား လိုက်နာကျင့်သုံးကြသည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း (Chinese People’s Institute of Foreign Affairs – CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာ ဝမ်ချောင်မှ တည်းခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
****************************************
Former President U Thein Sein attends the 70th Anniversary of the Five Principle of Peaceful Coexistence held in Beijing (28-6-2024, Beijing) U Thein Sein, former president of the Republic of the Union of Myanmar and Myanmar Delegation attended the opening ceremony of the 70th Anniversary of the Five Principles of Peaceful Coexistence held at 1000 hrs on 28 June 2024 at Great Hall of the People in Beijing, China. H.E. Mr Xi Jinping, President of the People's Republic of China delivered a speech at the opening ceremony and highlighted the core principles and the essence of peaceful coexistence and key changes, an indication to establish a community with peace and tranquility and a shared future for mankind during the previous 70 years. Also present at the opening ceremony were 20 former Heads of State and Heads of Government and representatives from 100 countries, international organizations, diplomats, Media and Business communities. The Former President was accompanied by U Thant Kyaw, Chairman of the Myanmar Institute of Strategic and International Studies (MISIS), U Tin Oo, Chairman of the Myanmar- China Friendship Association, Daw Than Than Nu, Chairperson of the U Nu- Daw Mya Yi Foundation and other officials. The Former President U Thein Sein attended a luncheon hosted by H.E. Mr. Wang Yi, Member of the Political Bureau of the CPC Central Committee, Director of the Office of the Central Commission for Foreign Affairs, and Minister of Foreign Affairs of the People’s Republic of China at 1130 hrs at Liuhe -Diao Yutai and gave remark on the vital essence of the Five Principles of Peaceful Coexistence for world peace, peaceful settlement of international disputes, mutual respects, equality and tranquility among countries in adhering the Five Principles of Peaceful Coexistence. Mr. Nong Due Manh, the former Secretary of the Communist Party of Vietnam (CPV) Central Committee, Ms. Dilma Rousseff, the former President of Federative Republic of Brazil, Mr. Mulatu Teshome Wirtu, the former President of Federal Democratic Republic of Ethiopia, Mr. Dominique Marle Francois Galouzeau de Villepin, the former Prime Minister of French Republic were also attended the luncheon. In the evening, the former President U Thein Sein attended the dinner hosted by Mr. Wang Chao, Chairman of Chinese People’s Institute of Foreign Affairs at St.Regis Hotel.
Myanmar Time
China Time