Government Websites

Embassy Websites

Weather (Nanning)

(၂၇-၆-၂၀၂၄ ရက်၊ နေပြည်တော်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ၂၇-၆-၂၀၂၄ ရက်၊ နံနက် (၀၈၀၀) နာရီတွင် ထွက်ခွာခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် အခြားသော တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။

****************************************

U Thein Sein, former President of the Republic of the Union of Myanmar leaves Nay Pyi Taw to attend the 70th Anniversary of the Five Principles of Peaceful Coexistence in the People’s Republic of China (27-6-2024, Nay Pyi Taw) At the invitation of the Government of the People’s Republic of China, U Thein Sein, Former President of the Republic of the Union of Myanmar, left Nay Pyi Taw to attend the 70th Anniversary of the Five Principles of Peaceful Coexistence in the People’s Republic of China on 27 June 2024 at 0800 am by Special Flight from Nay Pyi Taw Airport. The Myanmar delegation was seen off by Admiral Tin Aung San, member of the State Administration Council, Deputy Prime Minster and Union Minister for Defence, U Wunna Maung Lwin, Member of the State Administration Council, U Ko Ko Hlaing, Union Minister of the Ministry 2 at Office of Chairman of the State Administration Council, U Lwin Oo, Deputy Minister for Foreign Affairs, Mr. Chen Hai, Ambassador of the People’s Republic of China to Myanmar and senior officials from the Ministry of Foreign Affairs. Former President U Thein Sein was accompanied by U Thant Kyaw, Chairman of the Myanmar Institute of Strategic and International Studies (MISIS), U Tin Oo, Chairman of the Myanmar-China Friendship Association, Daw Than Than Nu, Chairperson of the U Nu-Daw Mya Yi Foundation and other officials.

20240702 01

20240702 01

20240702 01

20240624 01

20240624 01

20240624 01

20240624 01

20240624 01

20240624 01

Page 12 of 30

Time


Myanmar Time


China Time

Currency Exchange Rate